Loading...
アイコン

PVTV Myanmar

チャンネル登録者数 70.1万人

72万 回視聴 ・ 14628いいね ・ 2025/03/31

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို PVTV က ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့အချိန်နဲ့ ပြည်သူ့အစိုးရ အုပ်ချုပ်တဲ့အချိန် စီမံခန့်ခွဲမှုအပိုင်း၊ ကူညီကယ်ဆယ်မှုအပိုင်းမှာ ဘယ်လို ကွာခြားမှုတွေရှိနေလဲ

NUG က စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ လုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင် CDM ကျွမ်းကျင်ဝန်ထမ်းတွေ အနေနဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေး၊ ကုသရေး လုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားတာတွေ့ရပါတယ်။ ဒီကိစ္စ အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားသလဲ

ငလျင်ဒဏ်သင့်တဲ့ ဒေသတွေထဲမှာ NUG စိုးမိုးဒေသတွေလဲ ပါဝင်တာဆိုတော့ ပြည်သူတွေကို ဘယ်လို ကူညီကယ်ဆယ်မှုတွေ၊ ပြန်လည်ထူထောင်ရေးရော ဘယ်လို လုပ်သွားဖို့ အစီအစဉ်ရှိလဲ

ငလျင်ဘေးဒဏ်ခံနေရတာတောင် ဗုံးကြဲတာ မရပ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်ဘယ်လို တုံ့ပြန်ချင်ပါသလဲ

မင်းအောင်လှိုင်ကတော့ နာဂစ်ကိစ္စကို အမြတ်ထုတ်ပြီး ၂၀၀၈ ခြေဥကို ဇွတ်အတည်ပြုခဲ့တာရှိတယ် အခုလည်း ငလျင်ကိုအကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ ဒီအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်သွားဖို့ ရှိမလဲ

ငလျင် ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီချင်ကြတဲ့ အခုလည်း လာရောက်ကူညီနေကြပြီဖြစ်တဲ့ နိုင်ငံတကာကိုရော ဘာပြောချင်ပါသလဲ.... စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။

#SpringRevolution
#PVTV
#Interview
PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော youtube.com/pvtvmyanmar နဲ့ Telegram Channel ဖြစ်တဲ့ t.me/pvtvmyanmar တို့တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

コメント

コメントを取得中...

コントロール
設定

使用したサーバー: manawa